ရှမ်းနီတပ် 2
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အကြား မေလ ၆ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသွားသည်။

 ရှမ်းနီတပ် 2

 

ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအနီး ထုံမလွတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့ပြီး SNA တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မနေ့နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်တာပါ၊ ကျွန်တော်တို့ ထုံမလွတ်ရွာနားမှာ၊ စစ်သားတွေက စက်လှေနဲ့လာတာ၊ လက်နက်ကြီးသံကြားရတယ်၊ တစ်ယောက်သေတယ်လို့လည်း ပြောတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အကြား မေလ ၅ ရက်နေ့တွင်လည်း ခန္တီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်။
SNA တပ်သည် ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် အခြေစိုက်သည်ဟု သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ