စစ်​ကောင်စီ​တိုက်လေယာဥ်က ကိုယ့်လူကိုယ် ဗုံးကျဲချမိ၍ အများအပြား​သေဆုံး
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ အ​လောဘွမ်တွင် စစ်​ကောင်စီ​တိုက်လေယာဥ်က ကိုယ့်လူကိုယ် ဗုံးကျဲချမိ၍ အများအပြား​သေဆုံးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးတာဝန်ခံ ထံမှသိရသည်။

စစ်​ကောင်စီ​တိုက်လေယာဥ်က ကိုယ့်လူကိုယ် ဗုံးကျဲချမိ၍ အများအပြား​သေဆုံး

 

KIA အဖွဲ့က သိမ်းပိုက်ထား​သော အ​လောဘွမ်စခန်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် တိုက်ခိုက်စဥ် အချင်းချင်း မှားယွင်းပစ်ခဲ့မိခြင်း ဖြစ်သည်ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက The 74 Media ကို ပြောသည်။
“ဖြစ်စဉ်ကတော့ အလော့ဘွမ်မှာ စစ်ကောင်စီကလေယာဉ်နဲ့ လက်နက်ပစ်ချတာ သူတို့နေရာကိုပြန်ပစ်ချသလိုဖြစ်နေတာပေါ့” ဟု ပြောသည်။
လေယာဥ်ဖြင့် ပစ်ခတ်ခံရမှုတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိအများအပြား ရှိခဲ့သော်လည်း အတိအကျမသိရှိသေးကြောင်း သူက ဆက်ပြောသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ​စစ်​​ကောင်စီတပ်ဖွဲ့ဝင် ၃၀​ကျော်​သေဆုံးပြီး ၈၀​ကျော် ဒဏ်ရာရခဲ့​ကြောင်းစုံစမ်းသိရှိရသည်။
မိုး​မောက်မြို့နယ်အတွင်းရှိ အ​လောဘွမ်စခန်းအနီးတစ်ဝိုက်တွင် KIA နှင့် စစ်​ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်​နေပြီး စစ်ကောင်စီက တိုက်​လေယာဥ်နှင့်ရဟတ်ယာဥ်များ အသုံးပြုကာတိုက်ခိုက်​နေသည်။
ပုံ၊ ဧပြီလအတွင်းက မြစ်ကြီးနားမြို့​​၏ ဝေဟင်တွင်မြင်​တွေ့ရ​သော စစ်​ကောင်စီ၏ ရဟတ်ယာဥ်။
သင့်ထင်မြင်ချက်ရေးပေးပါ