ကေအိုင်အေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့များကို ကေအိုင်အေက ယနေ့နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

ကေအိုင်အေ

 

လုံးခင်းကျေးရွာအဝင်အနီး ၅ မိုင်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီမနက်က ဖြစ်တာပါ။ စစ်သားတစ်ယောက်သေသွားတယ်၊ တစ်ယောက်ဒဏ်ရာရတယ်၊ ဒါကြောင့် အရပ်သား ကားတစ်စီးကို ဖားကန့်ဘက် ချောဆွဲသွားတယ်” ဟု ပြောသည်။
ဖားကန့်မြို့နယ်သည် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည့် နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စခန်းအချို့ကို ကေအိုင်အေက ဧပြီလအတွင်း သိမ်းပိုက်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ