ဖားကန့်တွင် ကျဆုံးခဲ့သည့် ကိုဝေဖြိုး၏ အရိုးပြာကို မနက်ဖြန်ဂူသွင်းသဂြိုလ်မည်
စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဖားကန့်မြို့ လုံးခင်းကျေးရွာတွင် ကျဆုံးသွားသည့် ကိုဝေဖြိုး၏ အရိုးပြာကို မနက်ဖြန် မေလ ၅ ရက်နေ့တွင် ဂူသွင်းသဂြိုလ်မည်ဟု သိရသည်။

ဖားကန့်တွင် ကျဆုံးခဲ့သည့် ကိုဝေဖြိုး၏ အရိုးပြာကို မနက်ဖြန်ဂူသွင်းသဂြိုလ်မည်

ကိုဝေဖြိုးသည် လုံးခင်း-မော်ဝမ်းစုပေါင်းသပိတ်တွင် ပါဝင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် နောက်စေ့တွင်ကျည်ဆံထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
ကျဆုံးသွားပြီး ချက်ခြင်းဆိုသလိုပင် ကျန်ရစ်သည့်ရုပ်ကလာပ်ကို သင်္ဂဟလူမှုကူညီရေးအသင်းက မီးရှို့လိုက်သဖြင့် အဆိုပါအသင်းကို ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ကျဆုံးသူ သုံးဦးရှိပြီး ကချင်ပြည်နယ်တစ်ခုလုံးတွင် စုစုပေါင်း ၁၃ ယောက်ရှိပြီဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ