ကေအိုင်အေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်မဟာ ၅၊ တပ်ရင်း ၂၅ နယ်မြေ ဆလောင်းကုန်းအနီးတစ်ဝိုက်တွင် ယနေ့ မေ ၄ ရက် နံနက် ၄ နာရီမှ မွန်းလွဲချိန်အထိတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကေအိုင်အေ

စစ်ကောင်စီတပ်က ဆလောင်းကုန်းအနီးတစ်ဝိုက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး၊ ကေအိုင်အေတပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နီးစပ်ရာ ကျေးရွာများတွင် မေလ ၃ ရက်နေ့ကလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုန်းလော ပြည်သူတစ်ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ကေအိုင်အေ တပ်ရင်း ၂၅ ထိန်းချုပ်နယ်မြေနှင့် အလောဘွမ်းတောင်ခြေတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်မှာ ၁ လ ကျော်ခန့်ရှိပြီဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ