PPST ၏ ထုတ်ပြန်ကြေညာချက်ကို CRPH ထောက်ခံကြိုဆို

“ PPST ၏ ထုတ်ပြန်ကြေညာချက်အား ကြိုဆိုထောက်ခံကြောင်း”

———————————–

ကြေညာချက် အမှတ် ( ၂၅/၂၀၂၁ )

၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်

ဧပြီလ (၂၈)ရက်၊ ၂၀၂၁ခုနှစ်။

===============

၁။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၁၅^၂၀၂၁)ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

၂။ ပြည်သူလူထုအပေါ်စစ်ကောင်စီ၏ ဥပဒေမဲ့အကြမ်းဖက်နှိပ်စက်သတ်ဖြတ်မှုများကို ကန့်ကွက်ဆန့်ကျင်ပြီး ပြည်သူလူထုလိုလားတောင်းတမှုနှင့် တစ်သားတည်းဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ဘုံသဘောထားရပ်တည်ချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အနေဖြင့် လေးလေးနက်နက်ထောက်ခံ ကြိုဆိုပါကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးကြိုးပမ်းမှု အတွက်များစွာ အားတက်ရပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

PPST ၏ ထုတ်ပြန်ကြေညာချက်ကို CRPH ထောက်ခံကြိုဆို

သင့်ထင်မြင်ချက်ရေးပေးပါ