လူပေါင်း ၇၀၀ ကျော်သေဆုံးမှုအတွက် စစ်ခေါင်းဆောင်များတာဝန်ယူရမည်ဟု PPST အဖွဲ့ဝင်များ ထပ်ပြော

မြန်မာနိုင်ငံတွင် လူပေါင်း ၇၀၀ ကျော် သေဆုံးမှုများအတွက် စစ်ခေါင်းဆောင်များတာဝန်ယူရမည်ဟု NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ (PPST) က ဒုတိယအကြိမ်ထပ်မံပြောကြားလိုက်သည်။

လူပေါင်း ၇၀၀ ကျော်သေဆုံးမှုအတွက် စစ်ခေါင်းဆောင်များတာဝန်ယူရမည်ဟု PPST အဖွဲ့ဝင်များ ထပ်ပြော

 

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ပါဝင်သည့် PPST အဖွဲ့၏ အစည်းအဝေးကို Video Conferencing ဖြင့် ယနေ့စတင်ကျင်းပနေပြီး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ယွက်ဆစ်၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
PPST အဖွဲ့၏ အစည်းအဝေးကို မနက်ဖြန် ဧပြီ ၂၇ ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုး သားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါ၀င်ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ