မိုးမောက်တွင် တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဥ်များအသုံးပြုကာ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အခု လေယာဥ်နှစ်စီးနဲ့လာပစ်ပြီ။ လက်နက်ကြီး ၄ လုံးချသွားတာ။ ခုတောင်ပြောရင်းဆိုရင်းလာချသွားပြန်ပြီ” ဟုပြောသည်။
ယနေ့မွန်းလွဲ ၁ နာရီဝန်းကျင်၌ တိုက်လေယာဥ် နှစ်စီးဖြင့် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။

မွန်းလွှဲ ၃ နာရီခွဲ အချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များမှ ရဟတ်ယာဉ္များဖြင့် လာရောက်ပစ်ခတ်နေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ