KIA တပ်မတော်

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရှိတဲ့လက်နက်တွေ အကုန်ပစ်​​နေတာ။ ပစ်လိုက်ရပ်လိုက်ပဲ နားရင်လည်း ၅မိနစ်မကြာဘူး တနေကုန်ပစ်နေတာ။ ဒီနေ့တော့ လေယာဉ်ပျံမလာ​သေးဘူး ” ဟုပြောသည်။
တိုက်ပွဲများ ပြင်းထန်သောကြောင့် တိုက်ပွဲဖြစ်ပွားနေသော တောင်ခြေမှ နေအိမ်များ ပျက်စီးထိခိုက်မှုရှိကြောင်းလည်း သိရသည်။
မိုးမောက်မြို့နယ် စီဟတ်ကျေးရွာတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်မှာ ၃ရက်တိုင်ရှိပြီဖြစ်သည်။

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာနှင့်စီဟတ်ကျေးရွာသည် ကေအိုင်အေက သိမ်းပိုက်ထားသည့် အလောဘွမ်နှင့်နီးစပ်သည့် ကျေးရွာများဖြစ်ပြီး ဧပြီလ ပထမပတ်မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ