မိုး​မောက်မြို့နယ် မြို့သစ်​ကျေးရွာအနီး

ကချင်ပြည်နယ်၊ မိုး​​မောက်မြို့နယ်၊ မြို့သစ်​ကျေးရွာတွင် ယနေ့မနက် ၈ နာရီဝန်းကျင်မှစတင်ကာ ယခုအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ​ဒေသခံများက​ပြောသည်။

မြို့သစ်ကျေးရွာတွင် ယနေ့နံနက် ၈ နာရီမှ ယခုည ၁၀ နာရီ ခန့်အထိ စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက The 74 media ကို ပြောသည်။
“၁၀နာရီမထိုးခင်လောက်ထိတော့ တော်တော်ဆိုးတယ်။ လေယာဉ်နဲ့လာပစ်နေတာ။ ခုတော့ နည်းနည်းကျဲသွားပြီ။ ပစ်တော့ပစ်နေသေးတယ်” ဟုပြောသည်။
တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများရှိသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်အထိ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိကို The 74 media မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

သင့်ထင်မြင်ချက်ရေးပေးပါ