Breaking News 47 Media

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မော်ဖောင်း​ကျေးရွာလေတပ်စခန်းအနီးတွင် ယ​နေ့ ညနေ ၉နာရီဝန်းကျင်အချိန်မှစ၍ လက်နက်ကြီးသံ နှင့် သေနတ်သံများဆက်တိုက်ကြား​နေရ​ကြောင်းသိရသည်။

လက်နက်ကြီးသံလေးချက်နှင့် သေနတ်သံများ ကြားရကြောင်း ဒေသခံတစ်ဦးက The 74 media ကိုပြောသည်။
“လက်နက်ကြီးသံကော၊ သေနတ်သံကော၊ နှစ်ခုလုံးကြားရတယ်။ လက်နက်ကြီး ပထမ တစ်ချက်တော့ ၉နာရီ ၁၅လောက် ဒုတိယက ၉နာရီခွဲ တတိယ၂ချက်ဆိုက်တိုက် နောက်တော့ ၉ နာရီ ၄၈ မိနစ် လောက်မှာ တစ်ချက်ပြန် ကြားရတယ် မြေကြီးတောင်တုန်တယ်။” ဟု သူကပြောသည်။
ထိုသို့ လက်နက်ကြီးသံ သေနတ်သံများဆက်တိုက်ကြားနေရသောကြောင့် ဒေသခံများကြောက်လန့်တုန်လှုပ်နေကြသည်ဟု သူကဆက်ပြောသည်။

ဧပြီ ၁၇ ရက်ကလည်း မော်ဖောင်းရပ်ကွက်တွင် လက်နက်ကြီးကျ၍ နေအိမ်ပျက်စီးကာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ