မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ

မိုးမောက်မြို့နယ် မြို့သစ်နှင့် စီဟတ်ကျေးရွာကြားရှိ ခမရ ၃၂၀တပ်ရင်းတွင် ယနေ့နံနက်မှ စတင်ကာ ပစ်ခတ်သံများကြားနေရသည်ဟု သိရသည်။

ခမရ ၃၂၀ တပ်ရင်းက ယနေ့ မနက် ၈ နာရီဝန်းကျင်မှစပြီး လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု မိုးမောက်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မနက်၈နာရီထိုးခါနီးလောက်ထဲကစပစ်နေတာ။ လက်နက်ကြီးရောအသေးတွေရော။ နားလိုက်ပစ်လိုက်နဲ့ပဲ။ အခုလာကျတဲ့လက်နက်ကြီး၂လုံးကတော်တော်နီးတယ်” ဟုပြောသည်။
ပစ်ခတ်သံများမှာ တစ်ဖက်တည်း ပစ်ခတ်သံများဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
လက်ရှိတပ်မ ၃၂၀မှတပ်သားများသည် အလောဘွန်၌အကျများသောကြောင့် တပ်မ ၈၈မှ အင်အားဖြည့်ထားကြောင်းလည်း သိရသည်။

မြို့သစ်နှင့် စီဟတ်ကျေးရွာမှ ပြည်သူတစ်ချို့မှာ နေရပ်စွန့်ခွာပြီး စစ်ရှောင်သွားသူများရှိသကဲ့သို့ တချို့မှာ ဆက်လက်နေထိုင်သူများလည်းရှိသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ