ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို လာမည့်မတ်လ ၂၃ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်ပြန်လည်ထိန်းသိမ်းခံခဲ့ရသည့် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို မတ်လ (၂၃) ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု ရှေ့နေဖြစ်သူ ဦးသက်ထွန်းဦးက The 74 Media ကိုပြောသည်။
” ရုံးချိန်းက ၂၃ရက်နေ့မှာ။ အဲ့နေ့မှာ မူခင်းစီမံခန့်ခွဲမှု လုပ်မှာ” ဟု သူက ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို ယနေ့ (မတ်လ ၁၇) နံနက်ပိုင်း(၁၁)နာရီ ရက်နေ့တွင် သဘောဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅)​​ဖြင့် ရဲအုပ်ကျော်ဇေယျက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ