ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္

ဖေဖော်ဝါရီလ ၁၀ ရက်ညနေပိုင်းတွင် တပ်မတော်က လာရောက်ခေါ်ဆောင်သွားသည့် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်မေရီမီနန် ယနေ့နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပြီဟု သိရသည်။

လာရောက်ခေါ်ဆောင်သွားသည့်အချိန်တွင် မဲစာရင်းများနှင့်ပတ်သက်ပြီး စစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး တစ်လကျော်အကြာ ထိန်းသိမ်းခံခဲ့ရသည်။
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲနှင့်ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ယနေ့ပြန်လွှတ်ပေးခဲ့သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဦးထွန်းအောင်ခိုင်က ပြောသည်။
“တစ်ပြည်နယ်လုံးက ကော်မရှင်နဲ့ဆိုင်တဲ့ လူတွေပြန်လွတ်ပါပြီ။ သူတို့သိချင်တဲ့ ရွေးကောက်ပွဲနဲ့ ဆိုင်တာတွေမေးတယ်” ဟု သူက ပြောသည်။

ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများကို ပြန်လွှတ်ပေးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ