နောင်နန်းကျမ်းစာ​​ကျောင်း​ရှေ့

မြစ်ကြီးနားမြို့ ​နောင်နန်း ကချင်ခရစ်ယာန်​ဓမ္မတက္ကသိုလ် (KTCS) ကျောင်း​ရှေ့တွင် ယ​နေ့ည ၁၁ခန့်မှ စတင်၍ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များရောက်​ရှိနေ​ကြောင်းသိရသည်။

“ကားက ၁၀စီး​လောက်ရှိတယ်။ စစ်သား​တွေ၊ ရဲ​တွေလည်းပါတယ်။ ဆိုင်ကယ်​တွေလည်းပါတယ်။ ၁၁နာရီ​လောက်ကတည်းက ​ရောက်​နေတာ။ ဒီ ​ကျောင်း​ main building ရှိတဲ့ဘက်ကို ဝင်​နေတယ်” ဟု အဆိုပါကျောင်းမှ ဆရာမတစ်ဦးက The 74 Media ကို​ပြောသည်။

မည်သည့်အတွက်​ကြောင့် လာ​ရောက်သည်ကို မသိ​သေး​​သော်လည်း ​”လူစစ်မယ်လို့ကြားတယ်”ဟု သူကဆိုသည်။

သင့်ထင်မြင်ချက်ရေးပေးပါ