မိုးကောင်းမြို့နယ်တွင် KIOKIA နှင့် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းထန်သဖြင့် မရန်ကထောင်ဂိတ်ကို ယာယီပိတ်ထား

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့် ကားလမ်းသည်ပိတ်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်းသွားလာ​နေ​ကြောင်း မြစ်ကြီးနား၊ မြစ်ဖျားဧရာကားကြီးဝင်း ယာဥ်လိုင်းကြီးကြပ်ရေးဥက္ကဌ ဦးအေးဇော်ဇော်ထံမှသိရသည်။

“ကားတွေက မနက်က သွားနေကြတာပဲ။ မပိတ်ဘူး၊ဖွင့်တယ်။ တရားဝင်ပိတ်ထားတာတော့ မဟုတ်ဘူး။ မနက်က လိုင်းပေါ်မှာတော့ တွေ့တာပဲ ပိတ်တယ်ဆိုတာ။ ဘယ်သူက ပိတ်ခိုင်းလဲတော့မသိဘူး ။ လိုင်းတွေတော့ သွားနေကြတယ်” ဟု ​ပြောသည်။
မြစ်ကြီးနား-ဖားကန့် ကားလမ်း​ကြောင်းကို ပုံမှန် ပြေးဆွဲ​နေ​သော ကားဆရာတစ်ဦးကလည်း ကားလမ်း ပိတ်ထားခြင်းမရှိ​ကြောင်း​ပြောသည်။
မတ်လ (၁၂)ရက်နေ့တွင် မိုး​ကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်သောကြောင့်
မရန်ကထောင်ကားဂိတ်နှင့် ကားမိုင်းဂိတ်တွင် ယာယီပိတ်ထားသော်လည်း ထိုနေ့ကပင်ပြန် ဖွင့်လိုက်သည်ဟု ဂျိမ်းဖော့ဇေယျာကားဂိတ်မှ ဦးဇော်ဦးက The 74media ကို ပြောသည်။
“တိုက်ပွဲဖြစ်လို့ ခဏတားတာ။ မရန်ကထောင်မှာ ပိတ်မိတာတော့ တစ်နာရီလောက်ပိတ်မိတယ်၊ ကားမိုင်းကိုရောက်တော့ ကားမိုင်းမှာလည်း တစ်နာရီခွဲ နှစ်နာရီဝန်းကျင် ပိတ်မိတယ်။ အဲ့ဒါပြီးတော့ ပြန်လွတ်တယ်။ ဒီနေ့ကျွန်တော် ဆင်းလာတာ ဘယ်ကမှ မတားဘူး အကုန်သွားလို့ရတယ်”ဟု သူက ပြောသည်။

​မတ်လ (၁၂)ရက်​နေ့၊ နံနက်ပိုင်းက မိုးကောင်းမြို့ နယ်၊ နန့်ဟိုင်ကျေးရွာ၌ KIA နှင့် စစ်အာဏာသိမ်းကောင်းစီတပ်ဖွဲ့ဝင်အကြား တိုက်ပွဲဖြစ်သောကြောင့် မရန်ကထောင်ဂိတ်၊ ကားမိုင်းဂိတ်တို့ကို ​ခေတ္တပိတ်ခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ