မြစ်ကြီးနားမြို့ ကျောက်စိမ်းအဝိုင်းပတ်လည်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင် ဆန္ဒ​ေဖာ်ထုတ်သူများကို
ရဲတပ်ဖွဲ့ နဲ့ စစ်တပ်မှဆန္ဒပြသူတွေကို လာရောက်ဖြိုခွဲစဉ်
ဆွမ်ပရာဘွမ်လမ်းမကြီးဘေး၌ ကွမ်းယာရောင်းသူတစ်ဦးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူကွမ်းယာရောင်းသူသည် ဆန္ဒဖော်ထုတ်ရာ၌ပါဝင်သူမဟုတ်ဟု ယင်းပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးက The 74 Media ကို ပြောသည်။
“ဆန္ဒပြတာလည်း မပါဘူး၊ ကွမ်းယာရောင်း​ေနတာ”ဟု ပြောသည်။
သူသည် ရမ်ပူရပ်ကွက်၌ နေထိုင်သူဖြစ်​ပြီး ကေ​ျာက်စိမ်းအဝိုင်းပတ်လည်အနီး ​ေနရာသစ်အမည်ဖြင့်ကွမ်းယာဆိုင်ဖွင့်ထားသူဖြစ်သည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကို ရဲနှင့်စစ်သားများက နံနက် ၁၁ နာရီခန့်တွင် လူစုခွဲစဉ် ဖမ်းဆီးခံရသူအချို့ရှိသော်လည်း အရေအတွက်မည်မျှဖမ်းခံရသည်ကို မသိရှိရသေးပါ။
သင့်ထင်မြင်ချက်ရေးပေးပါ