Videos

ကချင်ပြည်နယ်ရဲ့ တစ်ပါတ်တာ တိုက်ပွဲသတင်း

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်ဟာ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ လိုင်ဇာမြို့ကိုကျော်ပြီး တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲခဲ့တာတွေရှိသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။  

တစ်ပါတ်အတွင်း စစ်ကောင်စီတပ်စခန်း ၂၀ ကျော်သိမ်းပိုက်ခံရ

တမူးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အစပ် အောင်ဇေယျကျေးရွာက စစ်ကောင်စီပူးပေါင်းတပ်စခန်း၊ ပလက်ဝမြို့နယ်က နှုံးဘူးဗျူဟာကုန်းနဲ့ ထရွန်အိုင် ဗျူဟာကုန်း၊ လွိုင်ကော်မြို့က ပြည်နယ်ရဲစခန်း၊ မုန်းမြို့က စစ်ကောင်စီစခန်း ၅ ခုအပြင် ညီနောင်မဟာမိတ်အဖွဲ့က...

စစ်သားအိုတွေကို သေတွင်းပို့နေတဲ့ စစ်ကောင်စီတပ်

ရန်ကုန်လို မြို့ကြီးတွေမှာ သံချပ်ကာကားတွေ၊ ခေတ်မီလက်နက်တွေ၊ လူငယ်တပ်သားတွေသုံးပြီး ဟန်ပြနေပေမဲ့ ရှေ့တန်းမှာ ဖမ်းဆီးခံနေရတဲ့ စစ်သုံ့ပန်းတွေကတော့ သက်ကြီးရွယ်အိုစစ်သားတွေပါ။  

“မင်းအောင်လှိုင်လက်အောက်မှာနေသရွေ့ အသေဆိုးနဲ့ သာမန်သေ နှစ်သေပဲ သေဖို့ရှိတဲ့အတွက်ကြောင့်…..”

ဗိုလ်ကြီးဟောင်း နေမျိုးဇင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လက်ရှိစစ်ကောင်စီတပ်ရဲ့အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို The 74 Media က မေးမြန်းထားပါတယ်။

စစ်ဗျူဟာကျတဲ့ လောက်ကိုင်မြို့ပေါ်က စစ်ကောင်စီစခန်းကုန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

 MNDAA တပ်က လောက်ကိုင်မြို့ရဲ့ တောင်ဘက်အခြမ်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နဲ့ တာရွှေထန် စတဲ့တပ်စခန်းလေးခုသာ ကျန်ရှိနေတော့တာပါ။  

၁၀၂၇ စစ်ဆင်ရေးအတွင်း လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်သား ၆၀၀ နီးပါးရှိနေ

လက်နက်ချ အညံ့ခံသူတွေမှာ စစ်ကောင်စီတပ်ရဲ့တပ်ရင်းမှူးအဆင့်ကနေ ပြည်သူ့စစ်၊ ရဲ နဲ့ မိသားစုဝင်တွေအထိ ပါဝင်ခဲ့ပါတယ်။  

တပ်ပြေးတွေ ပြန်ခေါ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်နဲ့ရှမ်းမြောက်ဒေသက တစ်ပါတ်တာတိုက်ပွဲသတင်း

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့အတူ နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ် ဆက်လက်အထိနာနေဆဲဖြစ်ပါတယ်။

မုန်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLAတပ် နဲ့ PDF ပူးပေါင်းတပ်တွေ ပဲခူးတိုင်း၊ မုန်းမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းအားလုံးကို မနေ့ ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။  

“ပြည်သူလူထုအတွက် ရေဇွာမြို့ကို သိမ်းခဲ့တာပါ” – ဆလိုင်းထက်နီ (CNF/CNA ပြောရေးဆိုခွင့်ရှိသူ)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းက ရေဇွာမြို့ကို ချင်းအမျိုးသားတပ်မတော် CNF/CNA ဦးဆောင်မှုနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့က ငါးရက်ကြာတိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ ၂၉ ရက်နေ့က သိမ်းပိုက်ခဲ့ပါတယ်။ ရေဇွာမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး...

လွိုင်ကော်မြို့တွင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးနေသည့် ရုပ်သံမှတ်တမ်း (၂၀၂၃)

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းဖြစ်ပွားခဲ့သော တစ်သုံးလုံးစစ်ဆင်ရေးတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက်သေဆုံးခဲ့သော ရုပ်သံမှတ်တမ်းတစ်ခုဖြစ်သည်။  

၁၀၂၇ စစ်ဆင်ရေးတစ်ခုတွင် သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ရုပ်သံမှတ်တမ်း – ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးနေသည့် ရုပ်သံမှတ်တမ်းတစ်ခုဖြစ်သည်။  

မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦး နေပြည်တော်မှာ စစ်ဆေးခံနေရ

မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မ.ပ.ခ) တိုင်းမှူးဟောင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ဟောင်းမြတ်သက်ဦးဟာ နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေတယ်လို့ သိရပါတယ်။