The 74 Media

အောက်ဆီဂျင်မလုံလောက်လို့ ဆေးရုံများတွင်လူနာအချို့ အခက်ကြုံနေရဟုဆို

မြစ်ကြီးနားမြို့ရှိ အောက်ဆီဂျင်ဖြည့်ပေးသည့် စက်ရုံများတွင်စက်ချို့ယွင်းနေသောကြောင့် အလုံအလောက်ရရှိရန် ခက်ခဲနေကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေ

ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက်အစောပိုင်း ၅ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ပူတာအိုတွင် အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့်အမျိုးသား အယူခံဝင်

အသက်မပြည့်သေးသည့်မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သဖြင့် သေဒဏ်ချမှတ်ခံထားရသူ အယူခံဝင်ခဲ့သောကြောင့် ချမှတ်ထားသည့်ပြစ်ဒဏ်ပြောင်းလဲသွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

ဆန်ရောင်းချမည့်သူမရှိသောကြောင့် ပူတာအိုအထက်ပိုင်းတွင် ရိက္ခာပြတ်လပ်မှုနှင့်ကြုံနေရဟုဆို

ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် စားနပ်ရိက္ခာများပြတ်လပ်နေသဖြင့် ဆန်တစ်အိတ် ကျပ်ဆယ်သိန်းကျော်အထိပေးဝယ်နေရသော်လည်း ရောင်းချသူမရှိကြောင်း သိရသည်။

KSPP ပါတီကို စစ်ကောင်စီရွေးကော်က ပါတီမှတ်ပုံတင်ခွင့်ပြု

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို မှတ်ပုံတင်ခွင့်ပြုကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ထုတ်မြဝတီသတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

မိုးမောက်မြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသည့် ခ.မ.ရ (၄၃၇) ကို KIA သိမ်းပိုက်

မိုးမောက်မြို့နယ် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၄၃၇) ကို ကချင်လွတ်မြောက်ရေးတပ် KIA က ၂၉ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ ညနေ ၃...

မိုးမောက် ၄၃၇ တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်ဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ၂၇ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မိုးမောက်မြို့၊ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၄၃၇ တပ်ကို ယနေ့နေ့လယ် တစ်နာရီက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အင်းတော်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ်စခန်းအချို့ သိမ်းပိုက်ရရှိထားဟုဆို

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး နဘားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအချို့ကိုသိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဒီပဲယင်းမြို့ပေါ်မှ ပြန်လည်ဆုတ်ခွာ

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် အင်အားအလုံးအရင်းဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့သောကြောင့် ဒီပဲယင်းမြို့ပေါ်မှ တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။

မန္တလေး – မြစ်ကြီးနားလမ်းကို စစ်ရေးအခြေအနေကြောင့်ဟုဆိုကာ ဖြတ်သန်းသွားလာခွင့်အားလုံးပိတ်

စစ်ရေးအခြေအနေကြောင့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကို ယနေ့ နံနက် ၆ နာရီအချိန်ခန့်ကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့က ဖြတ်သန်းသွားလာခွင့် အားလုံးပိတ်လိုက်ကြောင်းသိရသည်။

တောမှော်နှင့် လမောင်စစ်ကောင်စီတပ်စခန်းနှစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်

ဖားကန့်မြို့လုံခြုံရေးအတွက် အဓိကအရေးပါသည့် စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် KIA က ယမန်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။