ဗန်းမော်မြို့ သုံးမိုင်တပ်ဝန်းကျင်၌ လက်နက်ကြီးသံများနှင့် လေယာဥ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ၃မိုင်တပ်ရင်းတွင် ယနေ့နံနက် ၉ နာရီဝန်းကျင်၌
လက်နက်ကြီးသံများနှင့် လေယာဥ်သံများ ကြားနေရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

” ကိုးနာရီ ဆယ်ငါးလောက်ကတည်းက အဆက်မပြတ် အုန်း အုန်း အုန်း နဲ့ကိုကြားရတာ။ အချက်ရေမနည်းဘူး။

လေယာဉ်သံရော ကြားမိတယ်။ လေယာဥ်အမျိုးအစားတော့ မမြင်ရဘူး အသံပဲကြားတယ် ” ဟုပြောသည်။

ယခုပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပစ်ခတ်မှုသာဖြစ်ပြီး မြို့သစ်ဘက်သို့ ပစ်ကူနေကြောင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

Photo Credit – စစ်ကောင်စီတပ် အမြောက်ပစ်လေ့ကျင့်နေပုံ

သင့်ထင်မြင်ချက်ရေးပေးပါ