မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ ကန့်သတ်နယ်မြေ သတ်မှတ်ထားသော နေအိမ်မှ မိသားစုဝင်တစ်ဦးတွင် ယနေ့ ဇွန် ၃၀ ရက်နေ့တွင် ကိုဗစ် ၁၉ ပိုးထပ်မံတွေ့ရှိကြောင်းသိရသည်။

ရွှေညောင်ပင်ရပ်ကွက် တရုတ်နှစ်ခြင်းဘုရားကျောင်း အနီးတွင် ဇွန်လ ၂၈ ရက်နေ့က ကန့်သတ်နယ်မြေ သတ်မှတ်ထားသော အိမ်တွင် ပိုးထပ်မံတွေ့ ရှိခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။
“အဲ့ဒီအိမ်က ဒီနေ့တစ်ယောက်တွေ့တယ် positive၊ အသက်၈၀ အရွယ် အမျိုးသားလို့ ကြားတယ်” ဟု သူကပြောသည်။
ထိုအိမ်မှ အသက် ၇၃ နှစ်အမျိုးသမီးသည် နေမကောင်းသဖြင့် တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ပြီးနောက် ဇွန်လ ၂၈ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သူကဆက်လက်ပြောသည်။

စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဇွန်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပိုးတွေ့လူနာ စုစုပေါင်း ၂၆ ဦး ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ