D-Day ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြင်ဆင်ထားရန် ဒေါက်တာဇော်ဝေစိုး အသိပေး

မကြာမှီအချိန်အတွင်း D-Day ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်း၏ လူမူကွန်ယက်စာမျက်နှာဖေစ့်ဘုတ်မှတစ်ဆင့် လူထုကို အသိပေးထားသည်။

D-Day ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြင်ဆင်ထားရန် ဒေါက်တာဇော်ဝေစိုး အသိပေး

 

NUG, EAOs(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ),PDF တို့ အင်အားကောင်းလာပြီး စစ်ကောင်စီတပ်တို့ အင်အားချိနဲ့လာပြီဖြစ်သည့်အတွက် ပိုင်ပိုင်နိုင်နိုင် စနစ်တကျလုပ်ဆောင်ကြရန်၊ ကြိုးစားအားထုတ်ကြရန်၊ လျှို့ဝှက်ပြီး လုံခြုံရေးဦးစားပေးရန် ၎င်း၏ အသိပေးစာတွင် ရေးသားထားသည်။

D-Day ဆိုသည်မှာ အရေးကြီးသော စစ်ဆင်ရေးတစ်ခုကို စတင်မည့်နေ့ သို့မဟုတ် အကျိုးသက်ရောက်မှုကို ပြောင်းလဲစေသောနေ့ကိုဆိုလိုသည်။

သင့်ထင်မြင်ချက်ရေးပေးပါ