KIA solider

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ နမ်ဂျမ်ကျေးရွာတွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“လက်နက်ကြီးက ဆယ်ချက်ကျော် ပစ်တယ်၊ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိတယ်တော့ကြားတယ်၊ ဘယ်နှစ်ယာက်ဆိုတာတော့အတိအကျမသိသေးဘူး” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်သည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်ဟု သူကဆက်ပြောသည်။
KIA တပ်မဟာ ၉ နှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ဒေသခံရွာသူရွာသားများ ထိခိုက်မှုမရှိကြောင်း သိရသည်။

– ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ