ကယားပြည်နယ် လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက်
ကယားပြည်နယ် လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက် စိန်ပီတာရဟန်းဖြစ် သင်တန်းကျောင်း တွင် မေလ ၂၉ ရက် နေ့လယ် ၁ နာရီခန့်က
စစ်ကောင်စီမှ ဝင်ရောက်ပစ်ခတ်မှု့ကြောင့် ဒေသခံပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။

 

ရေယိုကျေးရွာ နာနတ်တောရပ်ကွက် ရဟန်းဖြစ် သင်တန်းကျောင်းတွင် စစ်ဘေးတိမ်ရှောင်နေသည့် ဦးဖရေရယ်

အသက် ၅၀ နှစ်ခန့် ပြည်သူတစ်ဦး ဦးခေါင်းတွင် ကျည်ထိမှန်သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“စိန်ပီတာ ရဟန်းဖြစ်သင်တန်းကျောင်း အုတ်တံတိုင်းကျော်ပြီး ဝင်ပစ်တာ အဲ့နေရာကို

ကျနော်တို့က ရပ်ကွက်ထဲကပြည်သူ (အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေ) ကို ရွှေ့ထားပီး အဖြူရောင်အလံ၊

သာသနာအလံတွေထောင်ထားတယ် စစ်ဘေးရှောင်နေရာပေါ့ အဲ့တာကို အကြောင်းမဲ့ လာပစ်တာ” ဟုသူကပြောသည်။

စစ်ကောင်စီတပ်များသည် သင်တန်းကျောင်းဝင်းအတွင်းရှိ စစ်ရှောင်ပြည်သူများ၏ ပိုက်ဆံများ၊ တန်ဖိုးရှိပစ္စည်းများနှင့် အဝတ်ထည့်‌ေသာအိတ်များလည်း ယူဆောင်သွား‌ေကြာင်းသိရသည်။

နာနတ်တောရပ်ကွက် စိန်ပီတာ ရဟန်းဖြစ်သင်တန်းကျောင်းနှင့် ယင်း၏ မျက်နှာချင်းဆိုင်ရှိ စိန်မာတင် ဘိုးဘွားရိပ်သာတို့တွင် အသက်ကြီး ရွယ်အို၊

မသန်စွမ်း၊ ကလေးနှင့် အမျိုးသမီးများ နေထိုင်သောကြောင့် အလံဖြူ ထောင်ထားသော နေရာဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ