လွိုင်ကော်မြို့ရှိ လောပိတအမှတ် (၁) ရေအားလျှပ်စစ် စက်ရုံမှူးရုံး မီးလောင်မှုဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လောပိတ အမှတ်(၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏စက်ရုံမှူးရုံးသည် ယနေ့နံနက် သုံးနာရီကျော်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ရှိ လောပိတအမှတ် (၁) ရေအားလျှပ်စစ် စက်ရုံမှူးရုံး မီးလောင်မှုဖြစ်ပွား

 

ဓါတ်အားပေးစက်ရုံလောင်ကျွမ်းခြင်းမဟုတ်ဘဲ ရုံးခန်းလောင်ကျွမ်းခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မီးလောင်တယ်ဆိုတာ အတည်ပြုပါတယ်။ စက်ရုံတော့မဟုတ်ဘူး။ ရုံးပဲလောင်တာပါ။ ဘယ်လိုလောင်သွားတယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ စစ်ကောင်စီတပ်တွေ စွဲထားတော့ ဘယ်သူမှ ဝင်လို့မရဘူး” ဟု ပြောသည်။
မီးလောင်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီက အိမ်စီးကားဖြင့်လာရောက်၍ အခြေအနေအား လာရောက်ကြည့်ရှုခဲ့ကြောင်း သူကဆက်ပြောသည်။
မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါရုံးသည် လောပိတ ၁၀ မိုင်ဂိတ်အနီးတွင် တည်ရှိပြီး စစ်ကောင်စီတပ်စွဲထားသည့် နေရာလည်း ဖြစ်သည်။

ကယားပြည်နယ်ရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံအမှတ် (၁) သည် ၁၉၉၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မိုင် ၂၅၀ အကွာရှိ ရန်ကုန်တိုင်းသို့အဓိက လျှပ်စစ်ဖြန့်ဖြူးပေးနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ