ဦးလင်းလင်းဦး

ကချင်ပြည်နယ် တနိုင်းမြို့တွင် ယမန်နေ့က ဖမ်းဆီးခံရသည့် NLD လွှတ်တော်အမတ် ဦးလင်းလင်းဦးကို မိသားစုနှင့် တွေ့ခွင့်မပေးသေးကြောင်း သူနှင့်နီးစပ်သူထံမှ သိရသည်။

ဦးလင်းလင်းဦးကို တနိုင်းအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း သူနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“မိသားစုနဲ့ အခုထိတွေ့ခွင့်မရသေးဘူးလို့ သိရတယ်၊ ဒကစမှာ ဖမ်းထားတာ” ဟု ပြောသည်။

ဦးလင်းလင်းဦးသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တွင် အနိုင်ရရှိခဲ့သည့် ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး မေလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ