မိုးညှင်းပြည်သူဆေးရုံ မှ သူနာပြု ဆရာမတစ်ဦးကို ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီအမှုဖွင့်

ကချင်ပြည်နယ် မိုးညှင်းမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်ဥမ္မာသန်း ကို CDM လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်ကောင်စီက မေလ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်။

ဧပြီလကလည်း ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆရာဝန် ၈ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ