ဖားကန့်တွင် မြေစာပုံပြိုကျပြီး လူ ၁၅ ဦးခန့်ပျောက်ဆုံးနေ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း ယနေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်က မြေစာပုံပြိုကျခဲ့ပြီး ၁၅ ဦးခန့် ပျောက်ဆုံးနေပြီး ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်တွင် မြေစာပုံပြိုကျပြီး လူ ၁၅ ဦးခန့်ပျောက်ဆုံးနေ

 

ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေရန် အန္တရာယ်များသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ထားပြီး မနက်ဖြန် မေလ ၁၆ ရက်နံနက်မှသာ ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။
မြေစာပုံပြိုကျသည့် ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်တွင် လက်ကျင်းတူးသူများက ကျောက်စိမ်းတူးဖော်နေစဉ် မြေစာပုံပြိုကျခြင်းဖြစ်သည်ဟု ကနဦးသိရသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မိုးတွင်းကာလများအတွင်းမြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများမကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် လုပ်ကွက်ဟောင်းအတွင်းမြေစာပုံပြိုကျသဖြင့် လူနှစ်ရာနီးပါးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ