ကချင်ပြည်နယ်၊ အကျဲကျေးရွာတွင် ယနေ့ ၃ နာရီခန့် က စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိပြီး အသက် ၁၀ နှစ်ခန့်အရွယ် ကလေးတစ်ဦး သေဆုံးသွားကာ မိခင်ဖြစ်သူဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်အခြေစိုက်သည့် အကျဲကျေးရွာအနီးရှိ ရာဘာခြံတွင် ယနေ့မွန်းလွဲပိုင်း ၃ နာရီခန့်တွင် မိခင်နှင့်အတူ သွားလာစဉ် မိုင်းနင်းမိပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“အကျဲချောင်းရဲ့ဟိုဘက်က ရာဘာခြံမှာပေါ့၊ ကလေးကမိုင်းနင်းမိပြီးဆုံးသွားတာ၊ တပ်ကတော့အရင်ခေါ်သွားတာ၊ အခုတော့သူတို့အိမ်မှာပြန်ရောက်ပြီ ကလေးအလောင်းက၊ အမေလည်း မိုင်းထိသွားတယ်” ဟု ပြောသည်။
မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က အဆိုပါသားအမိနှစ်ဦးကို တပ်စခန်းရှိရာသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟုလည်း သူကဆက်ပြောသည်။

အကျဲကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်း အမည်ကို The 74 Media က စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ