အာလမ်ကျေးရွ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမေးမြန်းပြီး ရိုက်နှက်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အာလမ်ကျေးရွာအထက်ဘက် လမ်းဘေးတစ်နေရာတွင် စစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့ပြီး အချို့ကို အကြောင်းမဲ့ ရိုက်နှက်မှုများပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက The 74 Media ကိုပြောသည်။
“ဖုန်းတွေစစ်တယ်၊ CDM လုပ်မလုပ်မေးတယ်၊ ဆန္ဒပြသပိတ်ထဲပါမပါမေးတယ်၊ တချို့တွေဆို လူရော ဆိုင်ကယ်ရော ထုရိုက်ခံရတယ်”ဟု ပြောသည်။
လမ်းသွားလမ်းလာပြည်သူများကို ခြေထောက်ဖြင့်ကန်ခဲ့သလို ပါးရိုက်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု သူကဆက်ပြောသည်။
အာလမ်ကျေးရွာတွင် ယခင်ကထိုသို့စစ်ဆေးမေးမြန်းမှုများ မတွေ့ကြုံဖူးသဖြင့် ဒေသခံများမှာ အလွန်ထိတ်လန့်လျက် ရှိနေကြသည်ဟု သိရသည်။

အာလမ်ကျေးရွာသည် မြစ်ကြီးနားမြို့မှ ၁၃ မိုင်အကွာတွင် တည်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ကချင်လူမျိုးများ အများစုနေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ