လုံးခင်းကျေးရွာရှိ သပိတ်စစ်ကြောင်းစမည့် နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် ရောက်ရှိနေ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ရာစုသစ်လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၁နာရီခန့်က ဆိုင်အတွင်းသို့ ဝင်ရောက်ရှာဖွေပြီး ဆိုင်ရှင်ဖြစ်သူကိုဖမ်းဆီးရန် ကြိုးပမ်းရာ ဖမ်းမမိသဖြင့် သူ၏ဇနီးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါလက်ဖက်ရည်ဆိုင်ကို ယနေ့ နံနက်ပိုင်းက ဝင်ရောက်စစ်ဆေးချိန်တွင် သပိတ်စစ်ကြောင်းပြုလုပ်မည့် လူငယ်အချို့ ထားခဲ့သော ဓါးနှင့်ဦးထုပ်များကို တွေ့ရှိခဲ့သောကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီမနက် ရဲတွေ စစ်သားတွေ အဲ့နားရှိနေတော့၊ ဒီမနက် လူငယ်တွေနေမှာပေါ့၊ ဆိုင်ထဲသွားပြီး ဓားတွေ၊ ဦးထုပ်တွေ ဝင်ထားခဲ့တာတဲ့၊ အဲ့တာ ရဲတွေက ဆိုင်ထဲဝင်ရှာတာတော့၊ ဓားတွေဝင်စစ်တာတဲ့ အဲ့ဆိုင်ရှင်ကို ခေါ်တာ ခေါ်တော့ ဆိုင်ရှင်က ထွက်ပြေးသွားတာ၊ သူ့မိန်းမတော့ ပါသွားပြီ”ဟုပြောသည်။
ထို့အပြင် ထိုလက်ဖက်ရည်ဆိုင်အနီးအနားရှိ လူနေအိမ် ငါးအိမ်ခန့်ကိုလည်း မွှေနှောက်ရှာဖွေသွားကြောင်း သူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းမှစတင်၍ ဖားကန့်မြို့နယ်နေရာတစ်ချို့ရှိ သပိတ်စစ်ကြောင်းများ လူစု၍မရအောင် နေရာယူစောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ