စစ်ကောင်စီကို ဆက်လက်ထောက်ခံသည့် ဇနီးဖြစ်သူ ကျောင်းဆရာမကို ကွာရှင်းလိုက်တဲ့ ကလေးဝသား
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်မှ ဦးအောင်ကိုမြင့်ဟုခေါ်သည့် အမျိုးသားတစ်ဦးသည် စစ်ကျွန်ပညာရေးကို ထောက်ခံနေသည့် ဇနီးဖြစ်သူ ကျောင်းဆရာမကို ဆက်လက်ပေါင်းသင်းလိုခြင်းမရှိတော့ သဖြင့် ကွာရှင်းလိုက်ကြောင်း သူ၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီကို ဆက်လက်ထောက်ခံသည့် ဇနီးဖြစ်သူ ကျောင်းဆရာမကို ကွာရှင်းလိုက်တဲ့ ကလေးဝသား

 

သူရေးသားထားသည့် ဖေ့စ်ဘုတ်ပိုစ့်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
ဇနီးမယား အဖြစ်မှ တရားဝင် စွန့်လွှတ်ကြောင်း ကြေညာခြင်း
# ကလေးဝမြို့နယ် ဆည်ကြီးရွာအုပ်စု ကင်းရွာနေ
ဦးစံအောင်၊ဒေါ်စိန်ဌေး တို့၏ သမီး ဒေါ်သိမ့်သိမ့်မျိုး(လယ်ပြ/ အ.လ.က ကျောင်းကြီး) သည် စစ်ကျွန်ပညာရေးအား ထောက်ခံအားပေးလျက် ရှိသောကြောင့် ဆက်လက်၍ ဇနီးမယားအဖြစ် မပေါင်းသင်းနိုင်ကြောင်း
# မိဘ ဆွေမျိုးများ၏ ဖိအားပေးအကြပ်ကိုင်မှု ကိုယ်တိုင်ဆန္ဒပြင်းပြမှု တို့ပေါင်း၍ အာဏာသိမ်း စစ်ကောင်စိအာ ထောက်ခံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးမျိုး ရှင်းပြခဲ့ပါသော်လည်း နားမလည်နိုင်ပဲ ၎င်း အယူအဆကိုသာ ခိုင်မာစွာ ဆုပ်ကိုင်ထားသောကြောင့်
ကျွန်တော် အောင်ကိုမြင့်သည် ဒေါ်သိမ့်သိမ့်မျိုး အား ဇနီးမယားအဖြစ် ဆက်လက်မပေါင်းသင်းနိုင်ကြောင်း
တရားဝင် ကြေညာလိုက်သည်။
( မကျေနပ်သော ဆွေမျိုးများအား သက်သေအထောက်အထား ပြည့်စုံစွာဖြင့် တရားရုံးတွင်သာ ရှင်းလင်းပေးလိုကြောင်း အသိပေးအပ်ပါသည်)
ပုံ/
ဦးအောင်ကိုမြင့်
ဂဇက်ရွာ၊ကလေးဝမြို့နယ်၊စစ်ကိုင်းတိုင်း
မူရင်းလင့်ခ်ကို အောက်တွင်ဖော်ပြထားပါသည်။
သင့်ထင်မြင်ချက်ရေးပေးပါ