စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ည ၁၂ ခန့်က ဖားကန့်မြို့ အေးမြသာယာရပ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မျောက်ဖြူကျေးရွာရှိ နေအိမ်တွင် လက်နက်ကြီးကျရောက်‌ ပေါက်ကွဲခဲ့သဖြင့် အိမ်နှင့် လင်ခရူဇာအမျိုးအစား ကားတစ်စီး ပျက်စီးခဲ့သည်ဟု အိမ်ပိုင်ရှင်ဖြစ်သူက The 74 Media ကိုပြောသည်။

“တော်သေးတာပေါ့ လူမထိလို့ ကျွန်တော်တို့က အဲ့ရှေမှာအိပ်နေကြတာ လက်နက်ကြီးကဘေးမှာလာကျသလိုပဲ ခဲတွေ၊ သဲတွေအကုန်ခေါင်းမိုးပေါ်ပြန်ကျဲသွားတာပဲ” ဟုသူကပြောသည်။

ဖားကန့်မြို့ ဗျူဟာကုန်းက ယမန်နေ့ညတွင် လက်နက်ကြီး နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးသံက နှစ်ချက်ကြားရတာဟုတ်တယ်။ ပထမတစ်ချက်ကတော့ဆိုင်းဂျာဘွမ်ကိုကျတာ အဲ့တာတော့ဘာမှမဖြစ်ဘူး။နောက်ငါးမိနစ်ကြာတော့ နောက်တစ်လုံးပြန်ပစ်တာ မျောက်ဖြူရွာထဲကျတော့တာပဲ” ဟုသူကပြောသည်။

ဖားကန့်မြို့ မှော်ပုံကျေးရွာတွင်လည် ဇွန်လ ၁၉ ရက်နေ့က ဆန်ခါထောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူနှစ်ဦး သေဆုံးသွားကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ဆိပ်မူကျေးရွာနှင့် ဖားပြင်ကျေးရွာကြားတွင် စစ်‌ကောင်စီကား ငါးစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ