ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရပ်ကွက်(၃) ကချင်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းအနီးရှိ အလှပြင်ဆိုင်တစ်ဆိုင် ယနေ့ နံနက် သုံးနာရီခန့်က ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

အလှပိုင်ဆိုင်အတွင်းမှ အလှပြင်စက်ပစ္စည်း ၁၀ သိန်းဖိုးခန့် ဖောက်ထွင်းခံခဲ့ရကြောင်း ဆိုင်ရှင်ဖြစ်သူက The 74 Media ကိုပြောသည်။

“ပိုက်ဆံက နည်းနည်းပဲပါသွားတယ်။ အခြားဟာပဲပါသွားတာ။ ဖြောင့်စက်၊ ဆံပင်လေမှုတ်စက်၊ စက်ပစ္စည်းတွေ အကုန် မသွားတာ။ မျက်နှာပေါင်းတဲ့ဟာ အကုန်မ သွားတာ” ဟုပြောသည်။

ထို့အပြင် အမည်မသိဖောက်ထွင်းသူများက အလှပြင်ဆိုင်အနီးရှိ ခေါက်ဆွဲဆိုင်ကိုလည်း ဖောက်ထွင်းခဲ့ပြီး ဖျော်ရည်များကို ခိုးယူသွားကြောင်းသူကဆက်ပြောသည်။

ယခုကဲ့သို့ ဖောက်ထွင်းခံခဲ့ရသော်လည်း သက်ဆိုင်ရာရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားခြင်းမရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကလည်း ဝိုင်းမော်မြို့ အမှတ်၁ အထက်တန်းကျောင်းရှေ့ရှိ တူရိယာဆိုင်နှင့် ကိတ်ဆိုင်မှ သံပန်းဆိုင်းဘုတ် ခိုးယူခံခဲ့ရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ