စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်တိတ်ရဲစခန်း ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။

စခန်းရှိ ရဲကင်းတဲနှစ်လုံး မီးလောင်ပျက်စီးပြာကျသွားသည်ဟု Indaw Revolution Team အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရဲစခန်းထဲမှာ အဆောက်အဦးက သုံးခုလောက်ရှိတယ် နှစ်ခု လောင်သွားတာ။ နဘား၊ မော်တိတ်၊ မဲဇာ၊ ပင်ဝယ် စတဲ့ရွာတွေမှာရှိတဲ့ ရဲစခန်းက ရဲတွေအကုန် အင်းတော်ရဲစခန်းမှာပဲ စုနေကြတာ။ သုံးလပိုင်းကတည်းက” ဟုသူကပြောသည်။

ရဲစခန်းကို မီးရှို့ဖျက်ဆီးရခြင်းသည် စစ်ကောင်စီတပ်ကို ထောက်ပံ့သတင်းပေးပြီး လမ်းပြ ပြုလုပ်နေသည့် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကို သတိပေးသည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ရဲစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် ယနေ့နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် နဘားကျေးရွာရှိ မီးရထားရဲတပ်ဖွဲ့ဝင်များကိုလည်း နိုဝင်ဘာ ၁၃ ရက်နေ့က လျှပ်တပြက် ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့‌ေကြာင်းသိရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ