စစ်ကောင်စီတပ်မှအကြောင်းမဲ့ ဖမ်းဆီးထားသည့် မြစ်ကြီးနားမြို့မှ မျက်မမြင်တစ်ဦးနှင့် စစ်ရှောင်ပြည်သူတစ်ဦးသည် ယမန်နေ့ည ခြောက်နာရီဝန်းကျင်က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရက်ပေါင်း ၅၀ခန့် ဖမ်းဆီးခံထားရပြီးနောက်ပိုင်း ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ နှစ်ဦးမှ မျက်မမြင်ဖြစ်သူ ဦးစောခွန်က The 74 Media ကိုပြောသည်။

“ကျွန်တော်တို့နှစ်ယောက် မနေ့ကလွတ်တဲ့စာရင်းထဲမှာပါပြီ။ ပစ္စည်းက နောက်ရက်မှရမှာမို့လို့ တစ်ခါတည်းစောင့်ယူသွားလိုက်ပါလားဆိုပြီး ပြောပေမယ့် ကျွန်တော်တို့က အရမ်းပြန်ချင်လို့ ပစ္စည်း မစောင့်တော့ဘဲ ခံဝန်ကတိထိုးပြီး ချက်ချင်းအိမ်ပြန်ခဲ့ကြတာ”ဟု ပြောသည်။

လွတ်မြောက်လာသူနှစ်ဦးမှာ ဂျန်မိုင်ကောင်း RC စစ်ရှောင်စခန်းမှ အသက် ၄၁ နှစ်အရွယ် ဦးတူးလွမ်နှင့် အသက် ၃၆ နှစ်အရွယ်၏ မျက်မမြင်ဖြစ်သူ ဦးစောခွန်တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ကေအိုင်အေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုပြုလုပ်ချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ