ဗန်းမော်မြို့နယ် ပရဟိတကန်လမ်း မင်းကျောင်းကုန်းရပ် စကခ (၂၁) ဂိတ်အနီးတွင် ယမန်‌နေ့ နိုဝင်ဘာ ၁၄ ရက်၊ ည ၈ နာရီခန့်က လှည့်ကင်းဆောင်ရွက်နေသည့် စစ်ကောင်စီယာဉ်တစ်စီး မိုင်းခွဲခံရကြောင်း သိရသည်။

အင်အား ၂၀ ခန့်ပါဝင်သည့် ကင်းလှည့်ရန်ထွက်လာ‌သော စစ်ကောင်စီယာဉ်ကို ဗန်းမော်မြို့ပြတော်လှန်ရေးတပ်ဖွဲ့ (URF Bhamo) က မိုင်းခွဲခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့မှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကင်းလှည့်ဖို့ထွက်လာတဲ့ စကစကားကို ၂ ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်” ဟုသူကပြောသည်။

မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့‌ကြောင်း သူကဆက်ပြောသည်။

မိုင်းဆွဲမှုကြောင့် စစ်ကောင်စီက ထိခိုက်ဒဏ်ရာရရှိမှုကို The 74 media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်နှင့်ကား လိုင်စင်စစ်ဆေးမှုများပြုလုပ်သည့် ဗန်းမော်မြို့ နန်းသီတာမီးပွိုင့်အနီးတွင်လည်း အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ