ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ကင်ဒိုင်ရပ်ကွက်တွင် နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၉နာရီခွဲ အချိန် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

ဂျိန်းဖော့သူစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်အိမ်လုံးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၉ နာရီခွဲမှ ၁၀နာရီခွဲအချိန်အထိ အချိန်တစ်နာရီကြာ မီးလောင်ကျွမ်းခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Mediaကိုပြောသည်။

“မီးဖိုချောင်တော့ ကျန်တယ် လူတော့ မထိဘူး မီးသတ်ကားက နာရီဝက်လောက်ကြာတော့ ရောက်လာတယ်” ဟု သူကပြောသည်။

ထံရံကာနှစ်ထပ်အိမ်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးဖိုချောင်သို့ မီးကူးစက်ခြင်းမရှိစေရန် အိမ်နီးနားချင်းများက ကူညီပေးခဲ့သည်ဟု အခြား မျက်မြင်တွေ့ရှိသူတစ်ဦးက ဆက်ပြောသည်။

“အိမ်ရှေ့ က အော်နေတော့ ထွက်ကြည့်လိုက်မှ မီးက တောက်နေပြီ ထရံနဲ့ကာတာမို့လို့လေ သွားကြည့်တဲ့ချိန် နည်းနည်းဘဲလောင်သေးတယ် တစ်ချို့က ပစ္စည်းတွေ မ ကူနေတာ” ဟုသူကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်တွင်လည်း အောက်တိုဘာ ၂၆ ရက်နေ့ တွင် နေအိမ်တစ်လုံးမီးလောင်ခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ