​ကေအိုင်​အေ တပ်မဟာ (၁)၊ တပ်ရင်း ၄ နယ်မြေဖြစ်သည့် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆွမ်ဒူတောင်တွင် ယနေ့ နံနက် ၇ နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ခ.မ.ရ (၃၈၉) ၊ ခ.လ.ရ(၄၀)နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စုပေါင်းပြီး စစ်အင်အား (၁၆၀) ကျော်ခန့်က KIA တပ်စခန်းများရှိရာ နေရာသို့ စစ်အင်အားတိုးချဲ့လာသောကြောင့် KIAတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်ဂျန်းယန်မြို့နယ် တန်ဘောင်ယန်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ယနေ့ ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တို့ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်၏ စစ်အင်အားတိုးချဲ့မှုများကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား​နေသည်။

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ