ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကင်းစခန်းတွင် ယနေ့နံနက် ၈နာရီခွဲခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲခဲ့သည့် ဗုံးသည် အသံမိုင်းဟုယူဆရပြီး ကျယ်လောင်သည့် အသံထွက်ပေါ်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ထ ၁ ရှေ့မှာ ရဲတွေကင်းချတဲ့ဂိတ်ရှိတယ်အဲ့နားမှာ ကွဲတာ။ ဗုံးက တစ်လုံးပဲ။ အသံမိုင်းပဲတဲ့။ အသံက တော်တော်တော့ ကျယ်တယ်။ လူထိခိုက်မှုတော့မရှိဘူးတဲ့။” ဟုသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်ဖွဲ့ဝင်များ ဆိုင်ကယ်နှင့် ကားများ လိုင်စင်စစ်ဆေးသည့် ဗန်းမော်မြို့ နန်းသီတာမီးပွိုင့်အနီးတွင် အောက်တိုဘာ ၁၄ရက်နှင့် ၁၅ ရက်နေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ