ဗလမင်းထင်တံတား အမှတ် (၂ ) စတင်ဆောက်လုပ်ရန် ပန္နက်ရိုက်အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီခန့်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန္နရိုက်အခမ်းအနားပြုလုပ်သည့် စီတာပူရပ်ကွက်တွင် ယနေ့နံနက်မှစ၍ လုံခြုံရေးတင်းကြပ်မှုများရှိနေပြီး တံတားတွင်လည်း ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။

“တံတား ပိတ်ထားတာ တစ်နာရီလောက်ရှိပြီ။ လုံခြုံရေး​ရော တင်းကြပ်ထားတယ် စစ်သားတွေစောင့်နေတယ် ခရီးသွားတွေ ဈေးသည်တွေလည်း စောင့်နေရတယ်”ဟုဆိုသည်။

ထို့အပြင် စီတာပူရပ်ကွက်ရှိ မနောကွင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများ လုံခြုံရေးယူပြီး စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း သူကပြောသည်။

ပန္နရိုက်အခမ်းအနားကို ကချင်ပြည်နယ်စစ်​ကောင်စီ ဥက္ကဌ ဦးခက်ထိန်နန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တက်​ရောက်ခဲ့​ပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် အခမ်းအနားပြီးဆုံးသွားကြောင်းသိရသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားပြီး လက်ရှိအသုံးပြု​နေ​သော ဗလမင်းထင်တံတားကို ၁၉၉၅ ခုနှစ် ဩဂုတ်လက စတင် ဆောက်လုပ်ခဲ့သည်။

​ယခု စတင်တည်​ဆောက်​တော့မည့် ဗလမင်းထင်တံတား အမှတ်(၂) ကိုမူ ဗလမင်းထင်တံတား၏ အောက်ဘက်တွင် တည်​ဆောက်သွားမည်ဖြစ်သည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ