အာဏာသိမ်းစစ်ခေါင်းဆောင်ကို ယခုလနှောင်းပိုင်းတွင်ပြုလုပ်မည့် အာဆီယံထိပ်သီးညီလာခံအစည်းအဝေးတက်ရောက်ခွင့်မပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်အခြေစိုက် NHK သတင်းဌာနက ကြေညာလိုက်သည်။

အာဆီယံနိုင်ငံခေါင်းဆောင်များက ယနေ့ညနေတွင် အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့သည့် နှစ်နာရီကြာအစည်းအဝေးတွင် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မနက်ဖြန် အောက်တိုဘာ ၁၆ ရက်နေ့တွင် တရားဝင်ထုတ်ပြန်မည်ဟု Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အကြမ်းဖက်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကိုဆိုးဝါးသည့်အခြေအနေသို့ တွန်းပို့ခဲ့ပြီး အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ခြင်း မရှိသည့်အပြင် အာဆီယံသဘောတူညီချက်ကို လိုက်နာရန်ပျက်ကွက်ခဲ့သည်ဟု အာဆီယံနိုင်ငံများကရှုမြင်ကြောင်း Reuters က ဆိုသည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ