ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ သဲဂုဏ်ကျေးရွာအနီးတွင် ယနေ့မွန်းတည့် ၁၂ နာရီခန့်က အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သိရသည်။

သေနတ်ပစ်ခံရ​သော အမျိုးသမီးမှာ ဈေးမှပြန်စဉ် ဆိုင်ကယ်သမားနှစ်ဦးက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သဲဂုဏ်ရွာကနေ ဟိုပင်စျေးသွားပြီး အပြန်မှာ ပစ်ခံလိုက်ရတာ။ ဆိုင်ကယ်သမားနှစ်ယောက်။ ဘယ်သူတွေလဲတော့ သေချာမသိဘူးဗျ။ ညာဘက် နားရွက်အထက် နဲ့ ဘယ်ရင်အုံမှာ နှစ်ချက် စုစုပေါင်း သေနတ်သုံးချက်ထိတယ်”ဟု ပြောသည်။

ပစ်သတ်ခံရသူ အဆိုပါ အမျိုးသမီးအား စစ်​ကောင်စီတပ်ဖွဲ့ဝင် ရဲများက ​ဆေးရုံသို့ သယ်​ဆောင်သွား​ကြောင်း သူကဆက်ပြောသည်။

သေဆုံးသွား​သော အမျိုးသမီးသည် အသက် ၃၇ နှစ်အရွယ် ဒေါ်မိမာဝင်းဖြစ်ပြီး အိမ်ဆိုင်ဖွင့်ထားသူတစ်ဖြစ်​ကြောင်း သိရသည်။

ဟိုပင်မြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးအား ဆိုင်ကယ်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့သည်။

=============
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ