ကချင်ပြည်နယ် ဟိုပင်မြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် အမျိုးသမီးသည် ပျူစောထီးများအတွက် စည်းရုံးရေးဆင်းနေသဖြင့် ရှင်းလင်းရခြင်းဖြစ်သည်ဟု ဟိုပင် PDF က ပြောကြားလိုက်သည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် ဒေါ်မိမာဝင်းသည် မိုးညှင်းမြို့အခြေစိုက် ပျူစောထီးများနှင့် ဆက်သွယ်ကာ ပျူစောထီးအဖွဲ့ဝင်ရန် စည်းရုံးရေးဆင်းခဲ့သည်ဟု ဟိုပင် PDF မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သဲဂုဏ်ရွာထဲမှာ ပျူစောထီးဝင်ဖို့ ပြောဆိုစည်းရုံးနေတာတွေ၊ ရွာဘုန်းကြီးကျောင်းက ဆရာတော်နဲ့ ရွာသားတွေကို စစ်ခွေးတွေဆီ သတင်းပေးတာတွေ လုပ်လို့ ရှင်းလိုက်တာပါ” ဟု ပြောသည်။

သေဆုံးသွားသော အမျိုးသမီးသည် အသက် ၃၇ နှစ်အရွယ် ဒေါ်မိမာဝင်းဖြစ်ပြီး အိမ်ဆိုင်ဖွင့်ထားသူတစ်ဖြစ်ကာ ယမန်နေ့က သေနတ်ဖြင့် သုံးချက်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ