ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝမ်းစည်ပင်သာယာဈေးတွင် ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဈေးအတွင်း ရောင်းချနေသည့် ဗြောက်များကို လာရောက်သိမ်းဆည်းသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဈေးအတွင်း ရောင်းချနေသည့် ဗြောက်များကို လာရောက်သိမ်းဆည်းနေသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မှော်ဝမ်းဈေးထဲမှာ လက်နက်တွေကိုင်ပြီး ဝင်သိမ်းတာ ဒီနေ့မှစတွေ့တာ။ ရောင်းနေတဲ့ ဗြောက်တွေသိမ်းနေတာ တွေ့လိုက်တာ လူဖမ်းတာတော့ မတွေ့ဘူး။ ရပ်ကွက်ထဲမှာတော့ ဗြောက်မရောင်းဖို့ စာထုတ်ထားတာတော့ ရှိတယ်။” ဟုသူကပြောသည်။

သီတင်းကျွတ်ကာလအတွင်း ဗြောက်အိုးဖောက်ခြင်းနှင့် ရောင်းချခြင်းများကို ယခင်နှစ်များကလည်း စာဖြင့်ထုတ်ပြန်ကာ ပိတ်ပင်မှုများရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ဗြောက်ရောင်းချမှုများကို လိုက်လံသိမ်းဆည်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

===============
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

သင့်ထင်မြင်ချက်ရေးပေးပါ