စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကံထူးမ – စံပြကျေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့ည ၉ နာရီခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမည်မသိလူတစ်စုသည် နေအိမ်ခြံစည်းရိုးကို ကျော်၏ဝင်လာပြီး အိမ်ရှင်များကို ဓားဖြင့်ခုတ်၍ ရွှေထည်ပစ္စည်းများ ယူသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မော့မကြည့်နဲ့ မော့ကြည့်ရင် ခုတ်မယ်လို့ပြောလို့ အိမ်ရှင်က လယ်ကွင်းဘက်ထွက်ပြေးတာ အဲ့ဘက်ထိ လိုက်ခုတ်တယ်ပြောတယ်။ လက်ကောက်ဝတ်ရော လက်ဆစ်ရော ခြေထောက်မှာရော ခုတ်ခံထားရတာ။” ဟုသူပြောသည်။

ဆွဲကြိုးတစ်ကုံး၊ နားကပ်တစ်ရံ၊ ငွေသားအချို့နှင့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၇၀ ဝန်းကျင်ခန့် ပါသွားပြီး ကံထူးမ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သူကဆက်ပြောသည်။

ဓားဖြင့် အခုတ်ခံရသူသည် အသက် ၃၀ နှစ် ကိုထိန်လင်းဆိုသူဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကံထူးမကျေးရွာရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုတွင်လည်း အောက်တိုဘာ ၁၀ရက်နေ့က ဆိုင်ကယ်တစ်စီးနှင့် ဓာတ်ဆီငါးဂါလံ ခိုးခံရကြောင်း သိရသည်>

ဓါတ်ပုံ – လက်တွင် ဓားဖြင့် ခုတ်ခံရသောကြောင့် လက်မ(ဘယ်လက်) ပြတ်ရှဒဏ်ရာရရှိခဲ့သည့်ပုံ

===============
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ