ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ဆိုင်ကယ်နှင့် ယနေ့ အောက်တိုဘာလ ၁၂ ရက် နေ့လယ် ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

တပ်ကုန်းရပ်ကွက်ရှိ UFG အလေးမအားကစားရုံအနီး ဆိုင်ကယ်စီးနှင်းလာသည့် အမျိုးသားတစ်ဦးကို Honda Fit ကားစီးနှင်းလာသည့် အရပ်ဝတ်နှင့် လူတစ်စုက သေနတ်နှင့် လိုက်လံပစ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေ မျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကချင်ကောင်လေးကို အရပ်ဝတ်တွေနဲ့ သေနတ်လိုက်ပစ်တာ။ ပစ်ခံရတော့ ဂျပန်လမ်း လယ်ကွင်းဘက်ပြေးတယ်။ ခြေထောက်ထိထားတယ်။ တစ်ကိုယ်လုံးသွေးတွေပဲ။ အခု ကားနဲ့တင်ပြီး ခေါ်သွားပြီ” ဟု ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ညအချိန် အိမ်ပြင်ထွက်၍ စစ်ကောင်စီများက လိုက်လံပစ်ခတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ