ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်၏ အသုံးအဆောင် ပစ္စည်းအချို့ကို KNDF ကသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

KNDF တပ်ရင်း ၉ က နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ကျည်အချို့ပါဝင်သည့် ကျောပိုးအိတ်နှင့် စစ်ယူနီဖောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု KNDF BO9 က The 74 Media ကိုပြောသည်။

“ကျနော်တို့ နယ်မြေရှင်းလင်းရင်း ယူနီဖောင်းနဲ့ ကျောပိုးအိတ်တလုံးတွေ့ပါတယ်။ ကျောပိုးအိပ်ထဲထည့်ထားတဲ့ ကျည်တချို့နဲ့ ယူနီဖောင်းတွေကို တွေ့ပါတယ်။” ဟုသူကပြောသည်။

စစ်ကောင်စီတပ်သားများ၏ ပစ္စည်းအချို့ကို သိမ်းဆည်းရမိခြင်းမှာ ထိုသူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ တဖြေးဖြေးယိုယွင်းလာ၍ ထွက်ပြေးသွားကြသည်ဟု သုံးသပ်မိကြောင်း သူကဆက်ပြောသည်။

သိမ်းဆည်းရမိသော ပစ္စည်းများမှာ G3 စက်သေနတ်ကျည် ၁၅၉ တောင့်၊ ကျောပိုးအိတ်နှင့် ယူနီဖောင်း နှစ်စုံ ဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့တွင် လွန်ခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့ပစ်ခတ်မှုအပြီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေါဘူးငံရယ် (၅မိုင်) ကျေးရွာအတွင်း နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ