ကိုးကန့် (MNDAA)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – သိန္နီ ပြည်ထောင်စုလမ်းပေါ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) အကြားဖစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ကိုးကန့်သတင်းမီဒီယာက ဖော်ပြထားသည်။

လားရှိုး (ဟိုပိတ်) – သိန္နီ ပြည်ထောင်စုလမ်းမ (၁၁) မိုင်နှင့် (၁၂)မိုင် ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲတွင် ကိုးကန့် MNDAA မှ အကျအဆုံးမရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ၁၂ မိုင်နှင့် ၁၃ မိုင်အကြားတွင်လည်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့် (MNDAA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် ကိုးကန့် (MNDAA) အထူးဒေသ (၁) မုံးကိုးခရိုင်သို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo : The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *