ကသဲကျေးရွာအနီး ပြည်သူတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ ကသဲကျေးရွာအနီးရှိ ရထားသံလမ်းဘေးတွင် ယနေ့နံနက် ကိုးနာရီခန့်က ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးနေကြောင်း သိရသည်။

သေဆုံးနေသူသည် ယမန်နေ့ကနေအိမ်သို့ ပြန်မလာသောကြောင့် လိုက်ရှာစဉ် ရင်ဘတ်တွင် ကျဉ်ထိမှန်၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ မနေ့ကတိုက်ပွဲဖြစ်တဲ့အချိန် နွားတွေပြန်လာပြီး လူပြန်မလာလို့ တိုက်ပွဲပြီး ညနေလိုက်ရှာသေးတယ်။ ဒီမနက် ကိုးနာရီလောက်မှ ရထားသံလမ်းမှာတွေ့တယ်။ သေနတ်မှန်ပြီး သေတာ ရင်ဘတ်ကျည်ထိထားတာ။ ကိုယ်တိုင်သွားကြည့်ထားတာ လက်ထဲကဆေးလိပ်တောင်ပါတယ်” ဟုသူကပြောသည်။

ကသဲကျေးရွာအနီး ပြည်သူတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံး

သေဆုံးသူသည် ပင်လောင်းမြို့နယ် လုံးပြင်ကျေးရွာအုပ်စု ဗန်းမောက်ရွာမှ အသက် ၅၀ နှစ်အရွယ် ဦးတဦး ဆိုသူဖြစ်ပြီး ယမန်နေ့က နွားကျောင်းနေစဉ် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် စစ်ကောင်စီ ယာဉ်တန်း ၄၅ စီးကို KNDF ဖယ်ခုံတပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ